Disability Inclusion Oriented Yatwonthit

ကျွန်ုပ်တို့ အကြောင်း

ကျွန်ုပ်တို့ အကြောင်း

မသန်စွမ်းသူများအားလုံး အကျုံးဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သော ရပ်ဝန်းသစ်တစ်ခုဖြစ်လာရန် ရည်ရွယ်၍ Disability Inclusion Oriented Co.Ltd ကို မသန်စွမ်းနယ်ပယ်တွင် အတွေ့အကြုံရှိသူများ၊ ဥပဒေရေးရာကျွမ်းကျင်သူများနှင့်  လက်သင်္ကေတပြ ဘာသာစကား ကျွမ်းကျင်သူများစုပေါင်းကာ တည်ထောင်ခဲ့ကြသည်။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ  ၂၀၂၅ ခုနှစ်တွင် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ရရှိခဲ့ပြီး အကြားအာရုံ မသန်စွမ်းသူများ (နားမကြားသူများ) အပါအဝင် အခြားသော မသန်စွမ်းသူများအတွက်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ကုမ္ပဏီအနေဖြင့် ဥပဒေမူဘောင်များကို လက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆိုခြင်း၊ နိုင်ငံတဝန်းရှိ မသန်စွမ်းသူများအတွက် တရားမျှတမှု လက်လှမ်းမီရယူနိင်ရေး ဥပဒေအကြံဉာဏ်ပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ လိုအပ်သည်များ ပံ့ပိုးပေးခြင်း၊ လွှဲပြောင်းညွှန်းပို့ပေးခြင်း၊ ဥပဒေရေးရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ နားမကြားလူမှုအဖွဲ့အစည်းဝင်များအတွက် သတင်းများကို လက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆိုကာ ဆိုရှယ်မီဒီယာတွင် ထုတ်လွှင့်ခြင်း၊ ပြင်ပမှ အပ်နှံလာသည့် ဗွီဒီယိုများကို လက်သင်္ကေတပြဘာသာစကား နှင့် အခြားလို အပ်သည်များ ဖြည့်စွက် တည်းဖြတ်ခြင်း၊ စိတ်ပါဝင်စားသူများအတွက် လက်သင်္ကေတပြ ဘသာစကားသင်တန်းများ ပို့ချခြင်း၊ ဥပဒေမူဘောင်များကို မသန်စွမ်းသူများအားလုံး လက်လှမ်းမီစေရန် နားလည်လွယ်သည့် ပုံစံဖြင့် ပြုစု ထုတ်ဝေခြင်း၊ စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

အဓိက မဏ္ဍိုင် (၃)ခု

အဖွဲ့ဝင်များ၏ ဖွံ့ဖြိုးမှုတိုးတက်မှုနှင့် စွမ်းဆောင်ရည်ပြည့်၀စေရေး
အရည်အသွေးပြည့်၀သော ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်ခြင်း
ရည်မှန်းချက်တူညီသော အဖွဲ့အစည်းများနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်း

who we areOur Vision & Mission

ကျွန်ုပ်တို့၏ အမြင်

ကျွန်ုပ်တို့၏ အမြင်မှာ နားမကြားသူများအပါအဝင် မသန်စွမ်းသူများအား ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ပေးခြင်းဖြင့် စွမ်းအားမြှင့်တင်ပေးရန်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းတွင် တက်ကြွစွာ ပါဝင်နိုင်စေရန် ဖြစ်ပါသည်။ မတူညီသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရသော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ပေးအပ်ရန် ကျွန်ုပ်တို့ ရည်မှန်းပါသည်။

ကျွန်ုပ်တို့၏ မစ်ရှင်မှာ တာဝန်ယူမှုရှိသော၊ အလွယ်တကူ ရယူနိုင်သော (accessible) နှင့် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ ပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အားလုံးပါဝင်နိုင်သော ဝန်ဆောင်မှု ပုံစံများ (inclusive service models) ကို ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုဘဝ ပေါင်းစည်းမှုနှင့် အားလုံးပါဝင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် တူညီသော စိတ်ဓာတ်ရှိသည့် မတူညီသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ကတိပြုပါသည်။

ကျွန်ုပ်တို့၏ မစ်ရှင်

Who We Are တန်ဖိုးထားမှုများ