Disability Inclusion Oriented Yatwonthit

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

အပြုံးပန်း (Helpline) ဝန်ဆောင်မှုများ

• ဥပဒေရေးရာ အကြံဉာဏ်-တရားလွှတ်တော်ရှေ့နေများ ကိုယ်တိုင် ကြီးကြပ်၍ ဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်မှုများကို အခမဲ့ဝန်ဆောင်မှု ပေးပါသည်။
• ထိရောက်သော တုံပြန်မှု- အကြမ်းဖက်မှု ခံစားနေရသူများ၏ အရေးအကြီးဆုံး လိုအပ်ချက်များကို သိရှိနားလည်ကာ ၎င်းတို၏ ဆန္ဒကို အလေးထား၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပါသည်။
• ကိုယ်ရေးအချက်အလက် လုံခြုံမှု-အကြမ်းဖက်ခံခဲ့ရသူ၏ ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံမှုကို အလေးထား၍ ကိုယ်ရေးအချက်အလက်များကို အချိန်တိုင်း လျှိဝှက်စွာ ထိန်းသိမ်းထားပါသည်။ ကလေးသူငယ်များ၏ သတင်းအချက်အလက်များကို အုပ်ထိန်းသူ၏ သဘောတူညီချက်ဖြင့်သာ လိုအပ်သလောက် မျှဝေပါသည်။
• ဘက်စုံ ပံ့ပိုးကူညီမှု- ဘေးကင်းလုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း၊ နေထိုင်ခိုလှုစရာ နေရာများနှင့် ချိတ်ဆက်ပေးခြင်း၊ တရားမျှတမှုအတွက် ဥပဒေရေးရာ အကူအညီများ ပေးခြင်း၊ သတင်းအချက်အလက်များ ပေးခြင်းနှင့် အခြားသော ပံ့ပိုးကူညီမှုများကို သက်ဆိုင်ရာ အဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးပါသည်။
• အားလုံးအတွက် နားလည်လွယ်ကူမှု- Facebook page တွင်အကြမ်းဖက်မှု ပုံစံများကို မြန်မာလက်သင်္ကေတပြ ဘာသာစကားဖြင့် ရှင်းလင်းထားသော ဗီဒီယိုဖိုင်များကို တင်ဆက်ပေးပါသည်။ စကားပြောရာတွင် အခက်အခဲရှိသော နားမကြားသူများအတွက် လက်သင်္ကေတပြ စကားပြန်များကိုလည်း စီစဉ်ပေးထားပါသည်။
ဆက်သွယ်ရန်:
• ဥပဒေရေးရာ အကူအညီ- 09-765 777 890, 09-959 777 890
• လက်သင်္ကေတပြ စကားပြန်- Viber/ Telegram 09-426 777 890
Facebook
Facebook Page 
• ဝန်ဆောင်မှု ရရှိနိုင်သော အချိန်- တနင်္လာနေ့မှ သောကြာနေ့ထိ၊ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း။(မှတ်ချက်။ ။ အစိုးရရုံးပိတ်ရက်များတွင်ပိတ်ပါသည်)

 အပြုံးပန်း (Helpline) ဝန်ဆောင်မှုများ
 အပြုံးပန်း (Helpline) ဝန်ဆောင်မှုများ

ဥပဒေအကူအညီနှင့် အကြံပေးခြင်း

မသန်စွမ်းသူများအား တရားမျှတမှုကို လက်လှမ်းမီ ရယူနိုင်စေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဥပဒေအကြံဉာဏ်များ ပေးအပ်ခြင်း။

ဥပဒေအကူအညီနှင့် အကြံပေးခြင်း
ဥပဒေအကူအညီနှင့် အကြံပေးခြင်း

ဥပဒေ မူဘောင်များကို ဘာသာပြန်ခြင်း

ဥပဒေမူဘောင်များကို မြန်မာလက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆိုပေးခြင်း။

ဥပဒေ မူဘောင်များကို ဘာသာပြန်ခြင်း
ဥပဒေ မူဘောင်များကို ဘာသာပြန်ခြင်း

ဥပဒေရေးရာ ပံ့ပိုးကူညီခြင်း

ဥပဒေရေးရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှု၊ လမ်းညွှန်မှုနှင့် လိုအပ်သောအကူအညီများ (ညွှန်းပို့ဝန်ဆောင်မှုများ အပါအဝင်) ပေးအပ်ခြင်း။

ဥပဒေရေးရာ ပံ့ပိုးကူညီခြင်း
ဥပဒေရေးရာ ပံ့ပိုးကူညီခြင်း

သတင်းအချက်အလက် ဖြန့်ဝေခြင်း

နားမကြားသူများ အသိုက်အဝန်းအတွက် သတင်းများကို လက်သင်္ကေတပြဘာသာစကားသို့ ဘာသာပြန်ဆိုကာ လူမှုမီဒီယာမှတစ်ဆင့် ထုတ်လွှင့်ခြင်း။

သတင်းအချက်အလက် ဖြန့်ဝေခြင်း
သတင်းအချက်အလက် ဖြန့်ဝေခြင်း

ဗီဒီယိုတည်းဖြတ်ခြင်းဝန်ဆောင်မှုများ

ပြင်ပအဖွဲ့အစည်းအသီးသီးမှပေးပို့လာသော ဗီဒီယိုများကို မြန်မာလက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး ထည့်သွင်းတည်းဖြတ်ပေးခြင်းနှင့် မြန်မာလက်သင်္ကေတပြဘာသာစကားနှင့်ပတ်သက်သည့် အခြားလိုအပ်သောကိစ္စများကိုဆောင်ရွက်ပေးခြင်း။

ဗီဒီယိုတည်းဖြတ်ခြင်းဝန်ဆောင်မှုများ
ဗီဒီယိုတည်းဖြတ်ခြင်းဝန်ဆောင်မှုများ

သင်တန်းပေးခြင်း

စိတ်ပါဝင်စားသူများအတွက် လက်သင်္ကေတပြဘာသာစကား သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း။

သင်တန်းပေးခြင်း
သင်တန်းပေးခြင်း

လွယ်ကူစွာ ရယူဖတ်ရှုနိုင်သော ထုတ်ဝေမှုများ

ဥပဒေမူဘောင်များကို မသန်စွမ်းသူများအားလုံးအတွက် နားလည်လွယ်ပြီး အလွယ်တကူ လက်လှမ်းမီရယူနိုင်သော ပုံစံများဖြင့် စုစည်း ထုတ်ဝေပေးခြင်း။

Click Here

လွယ်ကူစွာ ရယူဖတ်ရှုနိုင်သော ထုတ်ဝေမှုများ
လွယ်ကူစွာ ရယူဖတ်ရှုနိုင်သော ထုတ်ဝေမှုများ